Megaupload, Megashares, Netload, Hotfile,
Easy-Share, Uploading, Megavideo ဆိုက်က Download link တွေကို
Premium Account မလိုပဲနဲ့ Download ပုံ
Megaupload, Megashares, Netload, Hotfile, Easy-Share, Uploading, Megavideo, အစရှိသည့် file sharing site များမှ Premium User များနည်းတူ အလွယ်တကူ download လုပ်ယူနည်းလေးပါ . ညီလေး တစ်ယောက် မေးလ်နဲ့ ပို့လိုက်တာပါ . ညီလေးကိုလဲ ကျေးဇူးတင်ပါတယ် . premium account မရှိလို့စိတ်ညစ်နေသူများ ယခုအချိန်က စပြီး premium account user များကဲ့သို့ file များကို အကန့် အသတ်မရှိ၊ resume support လုပ်ပေးနိုင်မည့် နည်းလမ်းလေး ဖြစ်ပါတယ်..
http://public.rapidpremium.net/ ကိုဝင်ပါ၊
* "username" နဲ့ "password" နေရာတွင် "public" ကိုရိုက်ထည့် ပေးပြီး enter ခေါက်ပါ။
* download ကို click လုပ်ပါ ..
* ပေါ်လာသည့် Box ထဲမှာ မိမိ Download လုပ်မည့် download link ကိုထည့်ပါ
* download ကို click လုပ်ပါ၊ ထို box ထဲတွင် download လုပ်ဖို့အတွက် link အသစ်ပေါ်လာမှာ ဖြစ်ပါတယ်။
* ထို download link အသစ် ကိုယူပြီး download လုပ်ရမှာဖြစ်ပါတယ် ...
အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .
IT ဆရာ ညီနေမင်းမှ ဖြစ်ပါသည်။
သဘောကျရင်ဆက်ဖတ်ပါနော်
ပြီးပါပြီး...ကျေးဇူးအများကြီးတင်နော့်
လွတ်မြောက်ရာလမ်းတော်လှန်ရေးခရီးကြမ်းမှာ
ဘ၀ပျက်ဖွယ်ရာ
မုန်တိုင်းတွေကြား
ယုံကြည်စွာရင်ဆိုင်တိုးရင်း
ဤကမ္ဘာမြေအား….
သာယာစေမဲ့
အမေ့ရဲ့မြေးလေး
ကျနော့်ချစ်သမီး
မွေးဖွားခဲ့ပြီးပြီ......မေမေ။ ။
ပါးပြင်မှာ…….
ရေကျဲသနပ်ခါး မလိမ်းပေမဲ့လည်း
ဖြူမို့ဝိုင်းစက် မျက်နှာပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။
ချစ်သမီးပါပြင် နမ်းရှိုက်မိခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။
မျက်ဝန်းအစုံမှာ အရောင်မဆိုးသော်လည်း
အကြည့်လှလှ မျက်လုံးပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။
ချစ်သမီးလေးနဲ့ အကြည့်ချင်းဆုံခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။
နှုတ်ခမ်းအစုံမှာ နှုတ်ခမ်းနီမဆိုးလည်း
ပွင့်စနှင်းဆီလို နှုတ်ခမ်းများပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။
ချစ်သမီးလေးရဲ့ မပီကလာရယ်(ရီ)သံကြားခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။
သဘောကျရင်ဆက်ဖတ်ပါနော်
ပြီးပါပြီး...ကျေးဇူးအများကြီးတင်နော့်