Image and video hosting by TinyPic
Sayarma.gif
အဲ မိစဵဗု ဏံ မင္ဒုင္တၜဳင္ဒဿံင္ လဿိန္ရအဵ .......

Sunday, December 21, 2008

ကျေးဇူးပါ မေမေ

လွတ်မြောက်ရာလမ်းတော်လှန်ရေးခရီးကြမ်းမှာ
ဘ၀ပျက်ဖွယ်ရာ
မုန်တိုင်းတွေကြား
ယုံကြည်စွာရင်ဆိုင်တိုးရင်း
ဤကမ္ဘာမြေအား….
သာယာစေမဲ့
အမေ့ရဲ့မြေးလေး
ကျနော့်ချစ်သမီး
မွေးဖွားခဲ့ပြီးပြီ......မေမေ။ ။



ပါးပြင်မှာ…….
ရေကျဲသနပ်ခါး မလိမ်းပေမဲ့လည်း
ဖြူမို့ဝိုင်းစက် မျက်နှာပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။

ချစ်သမီးပါပြင် နမ်းရှိုက်မိခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။

မျက်ဝန်းအစုံမှာ အရောင်မဆိုးသော်လည်း
အကြည့်လှလှ မျက်လုံးပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။

ချစ်သမီးလေးနဲ့ အကြည့်ချင်းဆုံခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။


နှုတ်ခမ်းအစုံမှာ နှုတ်ခမ်းနီမဆိုးလည်း
ပွင့်စနှင်းဆီလို နှုတ်ခမ်းများပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။
ချစ်သမီးလေးရဲ့ မပီကလာရယ်(ရီ)သံကြားခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။

0 comments:

Post a Comment

 
တင္ဂုဏ္ဗြဲမေလာန္ရအဵ .......