နှစ်သစ်မှာ... အားလုံး ... တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ်စီ ပညာ သဒ္ဓါ ညီမျှစွာဖြင့် ကိုယ်၏ကောင်းကျိုး၊ မိသားစု ကောင်းကျိုး၊ သတ္တ၀ါတို့၏ ကောင်းကျိုး များကို ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် ဆထက်တပိုး တိုးကာ ပြုလုပ်နိုင်ကြပါစေ....
Tuesday, January 1, 2013
Friday, April 9, 2010
Files တွေကို အမြဲသိမ်းပေးတဲံ Uploading Site
စာဖတ်သူများကို upload တင်ဖို့ Haious Ezy Uploader ဆိုတဲ့ ဆိုဒ်လေး တစ်ခုကို လက်တို့ ချင်ပါတယ်။ မြန်မာလူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက် လွှင့်တင် ထားတာ ဖြစ်ပြီး ဘာ အကျိုး အမြတ်ကို မျှ မယူဘဲ အသုံးပြုသူတွေ အခမဲ့ နဲ့ အဆင်အပြေဆုံး ဖြစ်အောင် ကြိုးစားထားတာကို တွေ့ရပါတယ်။
အဲဒီဆိုဒ်လေးမှာ အကြီးဆုံး upload အရွယ်အစား အနေနဲ့ 100 MB အထိ တင်ပို့ နိုင်ပြီး ဖိုင် အမျိုးအစားတွေ အနေနဲ့ GIF, JPEG, JPG, PNG, PDF, DOC, ZIP, EXE အစရှိတဲ့ ဖိုင်မျိုးစုံကို တင်ပို့ ခွင့် ပြုထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီ တင်ပို့ ထားတဲ့ ဖိုင်လေးတွေကိုလဲ ဘယ်တော့မှ မဖျက်ဘဲ ထားပေးမယ်လို့ အာမခံထားပါသေးတယ်။
ဒါကြောင့် User တွေ အနေနဲ့ မိမိတို့ ဖိုင်လေးတွေကို အမြဲတမ်း သိမ်းဆည်း ထားနိုင်သလို စောင့်ဆိုင်းစရာမလိုဘဲ အချိန်မရွေး ဆွဲယူ အသုံးချ နိုင်မှာ ဖြစ်ပါတယ်။ ဖိုင် အရေအတွက် အကန့် အသတ်မရှိ သိမ်းဆည်း ထားနိုင်သလို twitter, digg, delicious နဲ့ facebook တွေမှာ direct link လုပ်ခွင့် ပေးထားတာမို့ စမ်းသပ် သုံးစွဲ ကြည့်ပါ လို့ တိုက်တွန်းလိုက် ပါရစေ။
Wednesday, March 31, 2010
YouTube မှ Video Download နည်း
Youtube ကသာမက ကျန်တဲ့ Video Site တွေကပါ Software မလိုဘဲ Download ချနည်းကိုတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော် အရင်းကလဲ voobys ကို တင်ပြခဲ့တာ ရှိပါတယ်။
အခုနည်းက Video DownloadHelper လို့ခေါ်ပါတယ်။ အရင်းနည်းထပ်ကို အဆင်ပြေပါတယ်။
Firefox မှာ ပေါင်းထည့်တာနဲ့ တင် Download ကို Auto ချလို့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဆိုဒ်မှာ Register လုပ်ထားရင် converter ပါလုပ်ဆောင်ပေးပါတယ်။ အတော်လေးကောင်းတယ်လို့ ဆိုရမှာပါဘဲ။
Download Messenger မရှိတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေတာပေါ့။
1. https://addons.mozilla.org/en-US/firefox/addon/3006
ဒီဆိုဒ်ကို Click ပြီ Add to Firefox ကို click ပြီ Firefox မှာ Install လုပ်လိုက်ပါ။ ပြီရင် Restart ချပါလိမ့်မည်။
2. Youtube ကိုဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Button လေး ပေါ်နေပါမည်။ Down Arrow လေးကို click လိုက်ရင် Menu Box လေးကျလာပါမည်။ ပြီရင် Download ကို click လိုက်ရင် Download စတင်ချပါသည်။ မိမိ ချလိုက်တဲ့ Video တွေ Desktop ပေါ်ရောက်ပါမည်။
ကျွန်တော်တို့ ကျန်တဲ့ Movies site တွေက ချမယ်ဆိုရင်အောက်ပါအတိုင်း Address bar မှာ ပေါ်နေတဲ့ Video DownloadHelper Icon ကို click ပြီ Download ချလိုက်ပါ။အောက်က ပုံကိုကြည့်လိုက်ပါ။